
Covid-19 ပြီးတဲ့အခါ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ မိဘတွေနဲ့အတူ အလည်အပတ်သွားဖို့ စဉ်းစားထားရင်း Stay Home ကာလကို ဖြတ်ကျော်ဖို့ အကြံပြုချင်ပါတယ်။ ခရီးတွေထွက်ရင်း စိတ်အပန်းပြဖို့ မြန်မာပြည်က လည်ပတ်ဖို့ အကောင်းဆုံးနရော (၁၀) ခုကို ဖော်ပြပေးလိုက်ပါတယ်နော။
ဒီနေရာ (၁၀) ခုဟာ မြန်မာလူမျိုးတွေသာ သဘောကျ၊ လည်ပတ်ချင်တဲ့ နေရာမျိုးမဟုတ်ဘဲ နိုင်ငံခြားခရီးသွားတွေ လာရောက်လည်ပတ်ချင်ကြတဲ့နေရာတွေလည်းဖြစ်ပါတယ်။
နံပါတ်(၁) ပုဂံ
ပုဂံလို့ဆိုတာနဲ့ မြန်မာတိုင်း အရောက်သွားသင့်တဲ့ နေရာတစ်ခုဖြစ်သလို၊ အခုဆိုရင် ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ပြီမို့ မြန်မာသာမက ကမ္ဘာလည့်ခရီးသွားတွေပါ အရောက်လည်ပတ်သင့်တဲ့နေရာတစ်ခုဖြစ်နေပါပြီ။


နံပါတ်(၂) ရန်ကုန်
ရန်ကုန်ဟာ စီးပွားရေးမြို့တော်တစ်ခုဆိုတာထက်ပိုပါတယ်။ လည်ပတ်စရာလိုများပြားလှလို လူမျိုးပေါင်းစုံ တိုင်းရင်းသားပေါင်းစုံကို စရိုက်မျိုးစုံနဲ့တွေ့ရမှာဖြစ်ပါတယ်။ ရန်ကုန်ဆိုတာနဲ့ မျက်စိထဲမှာ ဘာသွားမြင်လဲဆို ရွှေတိဂုံစေတီတော်မြတ်ကြီးပါပဲ။ ဗုဒ္ဓဘာသာမှမဟုတ်ပါဘူး ရွှေတိဂုံစေတီတော်မြတ်ကြီးထံမှာ ဘာသာပေါင်းစုံက ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အေးရိပ်ကို လာရောက်ခိုလုံကြပါတယ်။

နံပါတ်(၃) မန္တလေး
အောင်ကျော်ချမ်းအေး မန္တလေးကတော့ သမိုင်းထဲက အကြောင်းအရာများစွာနဲ့ပြည့်နက်လို့နေပါတယ်။ လည်ပတ်ဖို့နေရာတွေကလည်း တစ်ရက်ထဲနဲ့နှံ့မှာတော့ မဟုတ်ဘူးနော်။ မန္တလေးကို ရောက်ဖြစ်အောင်သွားပြီး အနှံ့လည်ဖို့ နံပါတ်(၃) နေရာကနေ အကြံပြုလိုက်ပါတယ်။

နံပါတ်(၄) အင်းလေး
ရှမ်းပြည်တောင်ပိုင်း က အင်းလေး။ ပြောပြစရာ မလိုလောက်အောင် သွားသင့်တဲ့ နေရာတစ်ခုမို့ ထူးထူးထွေထွေ မပြောတော့ဘူးနော။

နံပါတ်(၅) ငပလီ
ကမ်းခြေဒေသကိုမှ ခရီးထွက် ချင်သပဆိုရင် တော့ ငပလီကို သွားဖို့ ညွန်းချင်ပါတယ်။

နံပါတ်(၆) မြောက်ဦး
ရခိုင်ဒေသရဲ့ သမိုင်းထဲကမြို့။ တစ်နေ့တော့ အရောက်သွားမယ်။

နံပါတ်(၇) ပဲခူး
ပဲခူးဟာ ရန်ကုန်နဲ့ မဝေးလှသလို၊ လမ်းသင့်လှတာမို့ အရောက်သွားလည်ဦးနော်၊ သွားရကျိုးနပ်စေရမယ်။

နံပါတ်(၈) ကျိုက်ထီးရိုး
ဒီနေရာကတော့ ကိုယ်တိုင်လည်း မရောက်ဖူးသေးသလို၊ တစ်နေ့အရောက်သွားမယ့် နေရာပါ။ သွားကြစို့…၏

နံပါတ်(၉) ငွေဆောင်
ငွေဆောင် ကမ်းခြေကတော့ နောက်ထပ်ပြောပြချင်တဲ့ ကမ်းခြေတစ်ခုပေါ့။

နံပါတ်(၁၀) ပြင်ဦးလွင် (ဒါမှမဟုတ်) ချင်းပြည်
နံပါတ်(၁၀) က တော့ ဝေခွဲမရလို့ ပူးတွဲ ဖော်ပြလိုက်ပါတယ်။ ပြင်ဦးလွင်သွားမလား ဒါမှမဟုတ် ချင်းပြည်သွားပြီးသဘာဝအလှတွေ ခံစားမလား။


ရွေးရတော့ခက်နေပြီ။ ကဲ … ဘယ်နေရာကို သွားကြမလဲ…? မန့်သွားပေးပါဦး!!!
