ဖွဲ့စည်းပုံ အသစ်အရ လုပ်သက်ရင့် မူလတန်းကျောင်းအုပ်ကြီးတွေ နိုဝင်ဘာ၁ရက်မှစတင်ကာ အထက်တန်းပြလစာတိုးပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ သိရသည်။

လစာတိုး၊ရာထူးတိုးသတင်းနှင့်ပတ်သက်၍ နိုဝင်ဘာ ၃ရက်ဆက်သွယ်မေးမြန်းရာတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အတည်ပြု ပြောကြားပါတယ်။

“လုပ်သက် ၁၀နှစ်နဲ့အထက်ပေါ့။ သူက ဖွဲ့စည်းပုံအသစ်အရ သူက SAT လစာရသွားမယ်။ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး စတင်ခံစားရတာဆိုတော့ နိုဝင်ဘာလကုန် လစာတိုးရတာပေါ့။ ကျန်တဲ့ မူလတန်းကျောင်းအုပ်တွေလည်း နောက်ပိုင်း ဖြည်းဖြည်းချင်းမူအုပ် အားလုံးကို ပေးဖို့ရှိတယ်။ အသုတ်လိုက်၊အသုတ်လိုက်ပေးရမှာ။ မူအုပ်တွေရဲ့ လစာစကေးသည် အလယ်တန်းပြရဲ့ လစာစကေးနဲ့ အတူတူပဲ။ အခုက မူအုပ်တွေက အထက်တန်းပြရဲ့ လစာစကေးနဲ့တူအောင် လုပ်ပေးရတဲ့သဘောပဲ။ မူလတန်းဆိုလည်းမူလတန်းအတွင်းမှာ ရာထူးတိုးတဲ့အဆင့်ဖြစ်မယ်။ အလယ်တန်းဆိုလည်း အလယ်တန်းအတွင်းမှာ ရာထူးတိုးတဲ့ အဆင့်ဖြစ်မယ်ပေါ့။ မူလတန်းပြ အခုခန့်တဲ့ ကလေးတွေတော့ တိုးမှာမဟုတ်သေးဘူး။ နောက်မကြာခင်မှာ ဖွဲ့စည်းပုံအသစ်အရ မူလတန်းပြနုတဲ့ကလေးတွေက လက်ထောက် မူလတန်းပြရာထူးနဲ့သွားမယ်။ ပြီးရင် ဒုတိယမူလတန်းပြဆိုတာ အရင်က အလယ်တန်းပြရာထူးလစာနဲ့ တူသွားမယ်။ ပြီးရင် မူလတန်းလို့ခေါ်ပြီဆိုရင် SAT နဲ့ အတူတူပဲ လခကဖြစ်သွားမယ်။ မူလတန်းထဲမှာတင် အဆင့်မြင့်ပေးတာပေါ့။ အလယ်တန်းပြလည်း အဲဒီလိုသွားမယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် အခြေခံပညာကျောင်းပေါင်း ငါးသောင်းကျော် ဆရာဆရာမအင်အားသိန်းနှင့်ချီရှိကြောင်း သိရသည်။
Crd-original uploader
