အမေရိကန်ပြည်ထောင်စု ဟောလိဝုဒ်က Seminole Hard Rock Hotel & Casino မှာ ကျင်းပခဲ့တဲ့ (၆၉) ကြိမ်မြောက် မယ်စကြာဝဠာရွေးပွဲမှာ မက္ကဆီကိုနိုင်ငံကိုယ်စားပြု အလှမယ် အန်ဒရေး မီဇာ က သရဖူဆွတ်ခူး ရရှိသွားခဲ့ပါတယ်။
အန်ဒရေး မီဇာဟာ တခြားပြိုင်ပွဲဝင် ၇၃ ယောက်ကို ကျော်ဖြတ်ပြီး အလှမယ်သရဖူကို ဆွတ်ခူးသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

အန်ဒရေး မီဇာ က မယ်စကြာဝဠာသရဖူကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် အခုဆိုရင် မက္ကဆီကိုနိုင်ငံကနေပြီး မယ်စကြာဝဠာထွက်ပေါ်မှုက သုံးယောက် ရှိသွားပြီပဲဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံသူ ဂျူလီယာ ဂါမာ က ဒုတိယဆု၊ ပီရူးအလှမယ် ဂျာနစ်ခ် မာစီတာ က တတိယ၊ အိန္ဒိယအလှမယ် အက်ဒ်လိုင်း ကတ်စ်တီလီနို က စတုတ္ထ၊ ဒိုမီနီကန် ရီပတ်ဘလစ်အလှမယ် ကင်မ်ဘာလေ ပီရက်စ် က ပဉ္စမဆု အသီးသီး ရရှိသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သူဇာဝင့်လွင်ကတော့ နောက်ဆုံး ၂၁ ဦးစာရင်းမှာ ပါဝင်ခဲ့ပြီး အမျိုးသားဝတ်စုံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

crd_original uploader
