တရုတ်နိုင်ငံမှ မိုးမျှော်တိုက်ကြီးတစ်ခု လှုပ်ရမ်းသွား

တရုတ်နိုင်ငံမှ မိုးမျှော်တိုက်ကြီးတစ်ခု လှုပ်ရမ်းသွားသဖြင့် ရှန်းကျန့်မြို့လယ်ခေါင်တွင် ထိတ်လန့်မှုများဖြစ်ပွား

ပေကျင်း၊ မေ ၁၈

တရုတ်နိုင်ငံရှိ အမြင့်ဆုံးမိုးမျှော်တိုက်ကြီးများအနက် တစ်ခုသည် ယနေ့မွန်းလွဲပိုင်းက အတန်ငယ် လှုပ်ယမ်းသွားသဖြင့် ယင်းတိုက်ကြီးတည်ရှိရာ တရုတ်နိုင်ငံတောင်ပိုင်းရှိ ရှန်းကျန့်မြို့လယ်ခေါင်မှပြည်သူများ ထိတ်လန့်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မီတာ ၃၀၀(ပေ ၉ဝဝခန့်)အမြင့်ရှိသော အဆိုပါ SEG ပလာဇာ သည် ဒေသစံတော်ချိန် ယနေ့ မွန်းလွဲပိုင်း ၁ နာရီခန့်က လှုပ်ရမ်းခဲ့ခြင်းဖြစ်ပြီး၊ ပလာဇာအတွင်းရောက်ရှိနေသူများ အလွန်ထိတ်လန့်ကာ အပြင်သို့ အလုအယက်ထွက်ကြခြင်း၊ ပြင်ပမှရှိနေသူများကလည်း အံ့သြထိတ်လန့်ခြင်းတို့ ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ကြီးကို မွန်းလွဲ ၂နာရီ မိနစ် ၄၀ ခန့်တွင် ပိတ်လိုက်ကြောင်း ဒေသခံမီဒီယာများကဆိုသည်။

၂၀၀၀ ပြည့်နှစ်က ဆောက်လုပ်ပြီးစီးခဲ့သော အဆိုပါ SEG ပလာဇာသည် ရှန်းကျန့်မြို့၏ အဓိက အီလက်ထရွန်းနစ်စျေးကွက်၏ ဗဟိုချက်ဖြစ်သည်။

အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာအစိုးရအဖွဲ့များက အဆောက်အအုံကြီး လှုပ်ရမ်းရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြဆဲဖြစ်သည်။

ထိုသို့စစ်ဆေးရာတွင် မြေငလျင်လှုပ်ရှားမှုမှတ်တမ်းများကို စစ်ဆေးသော်လည်း ရှန်းကျန်းမြို့နှင့် အနီးတဝိုက်တွင် ယနေ့ မြေငလျင်လှုပ်ရှားမှုမရှိကြောင်းသိရသည်ဟု သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။

Ref: China skyscraper wobbles, spreading panic in downtown Shenzhen

crd