ကမ္ဘာမှာ အကောင်းဆုံးအလုပ်(၁၀) မျိုး

The 10 Best Jobs In The World

အသိညီလေး၊ ညီမလေးတွေ မကြာခဏလာလာမေးတာရှိတယ်။ အလုပ်ကောင်းကောင်းလိုချင်တယ်တဲ့။ အကြံပေးချင်တာကတော့ အလုပ်ကောင်းကောင်းကိုယ့်မှာ မရှိသေးရင် ကိုယ်လုပ်နေတဲ့ လက်ရှိ အလုပ်ကို ကောင်းကောင်းလုပ်ဖို့ပြောပါရစေ။

ဒီဆောင်းပါးကတော့ ပြည်ပသတင်းဌာနတစ်ခုကနေ ဖော်ပြထားတဲ့ ကမ္ဘာပေါ်က အကောင်းဆုံးအလုပ် (၁၀) မျိုးပါ။ အကောင်းဆုံးဆိုတာ ဘာကို ကြည့်ပြီးသတ်မှတ်လဲဆိုတော့ လစာတို့၊ အလုပ်လုပ်ချိန်တို့၊ တခြားသတ်မှတ်ထားတဲ့ အကြောင်းအရာအများကြီးပါတာပေါ့လေ။ ဒီအလုပ်(၁၀)မျိုးကို ကြည့်လိုက်ရင်လည်း လူစိတ်ဝင်စားဆုံးအလုပ်တွေပါမယ်။ လူတွေသိပ်စိတ်မဝင်စားတဲ့ လစာအမြင့်ဆုံး အလုပ်တွေလဲပါမယ်။ ကဲပါ….ပြောနေကြာပါတယ်။ အခုပဲ ကြည့်လိုက်ပါ၊

ဪ…ဒါနဲ့ အခုဖော်ပြမယ့်အလုပ် (၁၀)မျိုးကို ကြည့်ပြီးရင် ကိုယ့်ဝါသနာနဲ့ကိုက်တဲ့ အလုပ်တစ်ခုခု ပါနေရင်ဖြစ်ဖြစ်၊ လက်ရှိကိုယ်လုပ်နေတဲ့ အလုပ်ပါနေရင်ဖြစ်ဖြစ် တွေဝေမနေနဲ့တော့။ အကောင်းဆုံးထိ ကြိုးစားလိုက်တော့။

။ မေ့ဆေးဆရာဝန် (Anaesthetist)

ခွဲစိတ်ကုသမှုတစ်ခုလုပ်နေချိန်မှာ လူနာကို မေ့ဆေးပေးတဲ့ ဆရာဝန်က နံပါတ်တစ်ချိတ်နေပါ့လား။မေ့ဆေးဆရာဝန်တစ်ယောက်ရဲ့တာဝန်တွေကတော့…ခွဲစိတ်ဆရာဝန်များ၊ သူနာပြုများနှင့် အနီးကပ်အလုပ်လုပ်ရပြီး လူနာခွဲစိတ်ကုသခံယူနေစဉ် ဆေးကုသမှုလုပ်ထုံးလုပ်နည်းတွေကို မှန်မှန်ကန်ကန်ဖြစ်ဖို့ တာဝန်ယူစစ်ဆေးရတာပါ။

လူ့အသက်တစ်ချောင်းကို တာဝန်ယူရတာဟာ ကြီးမားတဲ့တာဝန်ဖြစ်သလို ရရှိတဲ့ဝင်ငွေကလည်း ထိပ်ဆုံးကရပ်တည်နေပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ အထူးသဖြင့်အမေရိကန်ပြည်ထောင်စုမှာ မေ့ဆေးဗေဒဟာ စျေးကွက်မှာ အမြင့်ဆုံးပေးရသောအလုပ်တစ်ခုဖြစ်ပါတယ်။ ယူကေ(UK)တွင် မေ့ဆေးပေးသူ၏ပျမ်းမျှလစာမှာ ပေါင် ၈၇,၉၁၆ ။

၂။ လေယာဉ်မှူး(Airline pilot)

လေယာဉ်မှူးတစ်ဦးဟာ ကမ္ဘာအနှံ့ခရီးစဉ်များ ပျံသန်းရန်အတွက် တာဝန်ရှိပါတယ်။ ဒီအလုပ်ဟာ လူကြိုက်များလှသလို ဝင်ငွေလည်းကောင်း၊ ကမ္ဘာအနှံ့ခရီးသွားလာဖို့အခွင့်အရေးပါရပြီးသားဆိုတော့ ဒုတိယနေရာရတာ ဆန်းတော့ မဆန်းပါဘူး။လေကြောင်းလိုင်းလေယာဉ်မှူးဖြစ်ဖို့ဆိုရင်တော့ ပုံမှန်အားဖြင့်သင်္ချာနဲ့ရူပဗေဒ အပါအဝင် တခြားသော personlality skill တွေလိုအပ်မှာပါနော်။ ဘွဲ့ရမှ လုပ်လို့ရတဲ့အလုပ်မဟုတ်ပေမယ့် လေကြောင်းလိုင်းလေယာဉ်မှူးအများစုကတော့ တက္ကသိုလ်အသီးသီးက ဘွဲ့ရရှိထားသူတွေဖြစ်နေပါတယ်။

လေယာဉ်မှူးတွေဘယ်လောက်ရကြလဲ။ယူကေ(UK)မှာ လေယာဉ်မှူးတစ်ဉီးရဲ့ ပျမ်းမျှလစာဟာ ပေါင် ၆၁,၆၇၂ ဖြစ်ပါတယ်။ ဒီလစာပမာဏနဲ့ သူ့ရဲ့လူနေမှုပုံစံကိုကြည့်ခြင်းအားဖြင့် ဒီအလုပ်ဟာ ကမ္ဘာပေါ်တွင်အကောင်းဆုံးအလုပ်တစ်ခုဖြစ်တယ်ဆိုတာ မငြင်းနိုင်ပါဘူး။

၃။ ခွဲစိတ်ဆရာဝန်(Surgeon)

ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်ဖို့ လေ့လာသင်ကြားခြင်းဟာ ၇ နှစ်မှ ၁၄ နှစ်ထိရှိပေမယ့် ဒီအလုပ်ဟာလည်း ကမ္ဘာပေါ်တွင်အကောင်းဆုံးအလုပ်တစ်ခုဖြစ်ပါတယ်။သူ့ရဲ့တာဝန်တွေကတော့ ခွဲစိတ်ဆရာဝန်ဆိုတဲ့အတိုင်း လူနာတစ်ဦးကို အားဆေးဘက်ဆိုင်ရာကိရိယာတွေ၊ နည်းပညာတွေကို အသုံးပြုပြီးခွဲစိတ်ကုသပေးရတာပါ။ ပုံမှန်အားဖြင့် ခွဲစိတ်ဆရာဝန်တစ်ဦးမှာ အခြားခွဲစိတ်ဆရာဝန်များနဲ့လက်ထောက်အဖွဲ့တွေရှိပြီး အဖွဲ့လိုက်ကုသခွဲစိတ်ရပါတယ်။

၄။ အမှုဆောင်အရာရှိချုပ် (Chief Executive)

အမှုဆောင်အရာရှိချုပ်ဆိုတာကတော့ ကုမ္ပဏီတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုမှာ အမြင့်ဆုံးနေရာမှာရှိတဲ့သူပါ။ အမှုဆောင်အရာရှိချုပ်အနေဖြင့်သင်ဟာ အနည်းဆုံ ဝန်ထန်းတစ်ဦးကနေ ထောင်ပေါင်းများစွာသော ဝန်ထမ်းတွေအထိ ဦးဆောင်ရတဲ့သူပါ။

ကုမ္ပဏီတစ်ခု သို့မဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ အနာဂတ်နှင့်ပက်သက်ပြီး အရေးကြီးသောဆုံးဖြတ်ချက်များချ မှတ်ဖို့တာဝန်ရှိသူဖြစ်ပါတယ်။ ၄င်းတို့သည်အဖွဲ့အစည်းတစ်ခုအတွက် အကျိုးအမြတ်ရှိရှိ ရေရှည်လည်ပတ်နိုင်ဖို့ စဉ်းစားကြံဆနိုင်မည့်သူပါ။ဒီလိုအလုပ်မျိုးကို လုပ်ကိုင်နိုင်သူအတွက် အကောင်းဆုံးလစာရတာလည်း တန်ပါတယ်။ အတော်ခေါင်းစားရမယ့်အလုပ်လို့ထင်တယ်။

၅။ ရှေ့နေ(Lawyer)

ဥပဒေရေးရာပြဿနာရှိနေသူတွကို ကူညီပေးရတဲ့ ရှေ့နေအလုပ်ကလည်း နိုင်ငံတကာမှာ အကောင်းဆုံးစာရင်းဝင်နေပါပြီနော်။ တကယ်သာ ဝါသနာနဲ့ကိုက်ညီတယ်ဆိုရင် ရွေးချယ်သင့်တဲ့ အလုပ်တစ်ခုပါပဲ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ဥပဒေဘွဲ့ရဖို့ ခက်ခက်ခဲခဲ ပြိုင်ဆိုင်တက်ရောက်နေရတဲ့အခြေအနေပါ။

၆။ ဗိသုကာပညာရှင်(Architect)

ကျေးရွာ၊ မြို့ပြတွေနဲ့ ခေတ်မီမြို့ပြကြီးတွေတည်ဆောက်ဖို့ အရေးပါလှတဲ့ ဗိသုကာပညာရှင်လုပ်ငန်းဟာလည်း အလုပ်မရှားသလို ဝင်ငွေကလည်းရှယ်ကြမ်းမှာပါ။ ကြည့်လေ မြန်မာနိုင်ငံမှာဆို နည်းပညာကျောင်းတွေမှာ အားလုံးက ဟုတ်ဟုတ် မဟုတ်ဟုတ် Civil မေဂျာပဲလျှောက်ကြတာလေ။ Architect ဆိုလူနည်းစုပဲခေါ်ပြီး လူတော်တွေတက်တဲ့ ဘာသာရပ်ပေါ့။

၇။ ဗီဒီယိုဂိမ်းစမ်းသပ်သူ(Video game tester)

ဒီနေ့ခေတ်ရဲ့ လူငယ်တွေသဘောအကျဆုံးအလုပ်ဖြစ်မယ်ထင်ပါတယ်။ဗီဒီယိုဂိမ်းစမ်းသပ်သူဘာလုပ်သလဲဆိုရင်…

ဗီဒီယိုဂိမ်းစမ်းသပ်သူကိုဂိမ်းထုတ်လုပ်သည့်ကုမ္ပဏီများကသူတို့ရဲ့နောက်ဆုံးဗွီဒီယိုဂိမ်းများကိုစမ်းသပ်ရန်နှင့်ထုတ်ကုန်အပေါ်တုံ့ပြန်မှုပေးရန်အတွက်အသုံးပြုတယ်။ဗွီဒီယိုဂိမ်းစမ်းသပ်သူတစ် ဦး ဖြစ်ရန်မည်သည့်အရည်အချင်းများလိုအပ်သလဲ။ယေဘုယျအားဖြင့်ဗီဒီယိုဂိမ်းကိုစမ်းသပ်သူဖြစ်ဖို့ သင်၌မည်သည့်အရည်အချင်းမှမလိုအပ်ပါ၊ သို့သော်၎င်းသည်လူကြိုက်များသောအလုပ်ဖြစ်သည်။ ဗွီဒီယိုဂိမ်းများ၊သူတို့၏ထုတ်လုပ်မှုများနှင့် ပတ်သက်၍ စွဲစွဲလန်းလန်းဖြစ်ပြီးသင်၏ထင်မြင်ချက်ကိုရှင်းလင်းသောနည်းလမ်းဖြင့်ဆက်သွယ်ပြောဆိုရန်လိုအပ်သည်။

ဘေးလူအမြင်နဲ့ပြောရရင် ဘာမှမခက်ဘူးလို့ဆိုနိုင်ပေမယ့် ဝါသနာမပါ၊ စိတ်အားမထက်သန်ရင် မလွယ်တဲ့အလုပ်မျိုးပါနော။

၈။ စီးပွားရေးလုပ်ငန်းရှင်(Entrepreneur)

စီးပွားရေးလုပ်ငန်းရှင်ဆိုတာဘာလဲ။တချို့က ဒါကို စွန့်ဦးစီးပွားရေးသမားလို့လဲ ခေါ်ဝေါ်ကြတယ်။

သူဟာ စီးပွားရေး လုပ်ငန်းတော်တော်များများမှာ ငွေကြေးပိုင်ဆိုင်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူဖြစ်တယ်။ သူဟာ လုပ်ငန်းများစွာမှာ လုပ်ကိုင်သူဖြစ်နိုင်သလို နယ်ပယ်တစ်ခုတည်းမှာလုပ်နေသူလဲဖြစ်နိုင်တယ်။ဒီလူတွေဟာ လုပ်ငန်းသေးသေးလေးကနေစပြီး စွန့်ဉီးလုပ်ကိုင်ပြီး ရင်းနှီးမြှုပ်နှံကြတယ်။ အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံသူများဟာ သူတို့ရဲ့ဝင်ငွေကို ခန့်မှန်းဖို့ အတော်ခက်ခဲမယ်။ ဘာလို့လဲဆိုတော့ အဲဒီလူတွေကို ငွေကို ငွေနဲ့ပြန်ခိုင်းနေတဲ့ လူတွေကိုး။ ဒါကြောင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်ခြင်းဟာ စွန့်စားမှုများစွာနှင့် ကြုံတွေ့ရပေမယ့် ဒါဟာ ကမ္ဘာပေါ်က အကောင်းဆုံးအလုပ်တွေထဲက တစ်ခုဆိုတာ အားလုံးမြင်သာပါတယ်။ ဒါကြောင့် ဘယ်အလုပ်ပဲလုပ်လုပ် လက်ထဲငွေရှိလာတဲ့အခါ လူတိုင်းက ရင်းနှီးမြှုပ်နှံမှုဆီ ဦးတည်လာတာကို မြင်အောင်ကြည့်ပါ။

၉။အလွတ်တမ်းစာရေးဆရာ၊ဒီဇိုင်နာများ (Freelance Writer or Designer)

တကယ်လို့ခင်ဗျားဟာအမှီအခိုကင်းကင်းနဲ့ လွတ်လွတ်လပ်လပ်နေထိုင်ပြီး အဆင်ပြေပြေနေချင်တယ်ဆိုရင် ဒီအလုပ်ကလည်းမဆိုးဘူး။

အလွတ်တန်းလုပ်ငန်းဆိုတာကုမ္ပဏီရဲ့ဝန်ထမ်းအဖြစ်မဟုတ်ဘဲကန်ထရိုက်စာချုပ်အရအလုပ်လုပ်ခြင်းကိုဆိုလိုတာပါ။ကိုယ့်နိုင်ငံမှာ လောလောဆယ်ဒီလုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ်မရှိသေးဘူးဆိုရင်တောင် ဝါသနာပါရင် လိုအပ်တာတွေလေ့လာထားသင့်ပြီနော်။

အလွတ်တန်းစာရေးဆရာများနှင့်ဒီဇိုင်နာများဘာလုပ်သနည်း။အလွတ်တန်းစာရေးဆရာများနှင့်ဒီဇိုင်နာများသည်ပုံမှန်အားဖြင့်အမျိုးမျိုးသောစက်မှုလုပ်ငန်းများမှ ဖန်တီးမှုဆိုင်ရာအေဂျင်စီများ သို့မဟုတ် ပုဂ္ဂလိကဖောက်သည်များအတွက်ရေးသားခြင်း / ဒီဇိုင်းများပြုလုပ်တယ်။ အဘယ်ကြောင့်ဆိုသော်အလွတ်တမ်းစာချုပ်များချုပ်ဆိုထားသောကြောင့်မည်သည့်နေရာမှမဆိုလွတ်လပ်စွာအလုပ်လုပ်နိုင်သည်။

၁၀။ သီချင်းရေးဆရာ (Songwriter)

အပြိုင်အဆိုင်တွေများတဲ့ ဒီနေ့ခေတ်မှာ ဖျော်ဖြေရးကဏ္ဍဟာ လူစိတ်ဝင်စားဆုံးအပိုင်းဖြစ်လာပါပြီ။ လူတွေဟာ ပျော်တဲ့အခါမှာလဲ ဂီတကို အဖော်ပြုလာသလို စိတ်ညစ်တဲ့အခါမှာလဲ ဂီတကို အဖော်ပြုလာပါတယ်။ အဲတော့ တေးရေးဆရာအလုပ်ဟာ အကောင်းဆုံးအလုပ်ထဲမှာ ပါလာတာမဆန်းတော့ပါဘူး။

ဒီဆောင်းပါးကို ဖတ်နေရင်း အရမ်းအောင်မြင်နေတဲ့ တေးရေးဆရာတစ်ယောက်ကို လှမ်းမြင်နေမိမယ်ထင်ပါတယ်။ သူတို့ရဲ့အလုပ်ကလည်း လျှော့တွက်လို့တော့ မရဘူးနော်။ ဂီတကို နားလည်သဘောပေါက်ဖို့နဲ့ ရသဖန်တီးနိုင်ဖို့တော့လိုတာပေါ့။ သူတို့ရဲ့ပျမ်းမျှလစာကဘာလောက်ထိ ရှိမလဲဆိုတာ အောင်မြင်ကျော်ကြားတဲ့ တေးရေးဆရာတစ်ယောက်နဲ့ တွေ့တဲ့အခါ မေးကြည့်ပေါ့ဗျာ။

အဓိကကတော့ ကိုယ်စိတ်ပါတာလုပ်ဖြစ်ဖို့နဲ့ လုပ်နေတဲ့အရာတိုင်း စိတ်ထည့်ထားဖို့တော့လိုမယ်။

  • ကြိုက်ရင်တော့ Like & Share လေး အရင်လုပ်သွားဦးနော