မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်တဲ့ ကိုယ့်နိုင်ငံက တံဆိပ်တွေကို တန်ဖိုးထားတတ်ကြပါတယ်။ အဲလိုတန်ဖိုးထားစရာတွေထဲက တစ်ခုကတော့ မြန်မာ့ရိုးရာလက်ဝှေ့ပညာပဲဖြစ်ပါတယ်။

အခုဆိုရင် မြန်မာ့လက်ဝှေ့ပညာဟာ မြန်မာပြည်မှာသာမက ကမ္ဘာ့နိုင်ငံ အသီးသီးကပါ စိတ်ဝင်တစားရှိလာပါပြီ။ လက်ရှိ မြန်မာ့လက်ဝှေ့လောကမှာ ထိပ်ဆုံးစာရင်းဝင်သူတွေဟာ နိုင်ငံခြားသားတွေလည်းပါနေပပြီ။ ဒါဟာ မြန်မာတွေအတွက် ဂုဏ်ယူစရာဖြစ်သလို မိမိတို့ ရိုးရာလက်ဝှေ့ပညာကိုလည်း ပိုမိုတန်ဖိုးထားတတ်စေဖို့ မီးမောင်းထိုးပြနေပါတယ်။







