
ပဲခူးတိုင်းရွေးကောက်ပွဲကော်မရှင်ရုံးတွင် လွန်ခဲ့သည့်မိနစ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးယင်းဗုံးမှာ အသံမိုင်းအမျိုးအစားဖြစ်ပြီး စနစ်တကျထောင်ထားသည်ဟုယူဆရသည်ဟု စစ်ဆေးရေးအဖွဲ့မှပြောကြားသည်။သတ္တုကိုယ်ထည်မပါဘူး ဗျောက်အိုးအကြီးစားလို့မျိုးပေါ့ဟု စစ်ဆေးရေးအဖွဲ့မှဆိုသည်။

ဗုံးပေါက်ကွဲတာပါ လူတော့အထိအခိုက်မရှိဘူး အခု CC TV မှတ်တမ်းတွေပြန်ကြည့်နေတယ်ဟု ပဲခူးရွှေးကော်အဖွဲ့ဝင်တစ်ဦးကပြောကြားသည်။ဗုံပေါက်ကွဲစဉ် ကြိုတင်မဲအရေအတွက်စစ်ဆေးနေသည့်အချိန်ဖြစ်ပြီးပါတီတစ်ချို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများလည်းယင်းရုံတွင်ရှိနေသည်ဟု အစည်းအဝေးသွားတက်ခဲ့သူ NLD ပါတီမှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။ကံကောင်းသွားတယ် ကျနော်တိုထွက်လာပြီးမှဝုန်းဆိုအသံထွက်လာပြီးပေါက်ကွဲတာဟု ၎င်းကဆိုသည်။

ယနေ့တွင် ပဲခူးတိုင်းရွေးကောက်ပွဲ ကော်မရှင်ရုံး၌ တပ်မတော်မှကြိုတင်မဲများကိုပါတီအသီးသီမှ ကိုယ်စားလှယ်လောင်းများ သွားရောက် စစ်ဆေးပြီး မိနစ်ပိုင်းအတွင်း ပေါက်ကွဲခြင်း ဖြစ်သည်ဟု သိရသည်။A4 စာရွက်နဲ့ ထုပ်ပြီး စက္ကူဖာထဲကို လာထည့်သွားတာလို့တော့ ပြောကြတယ်။အသံမိုင်းသာသာပဲ ။ တပ်ကြိုတင်မဲတွေ သွားရေတွက်ပြီး ပြန်လာတော့ တစ်အောင့်နေတော့ ဖြစ်တာပဲ “ဟု လွှတ်တော်ကိုယ်စားလှယ် လောင်း တစ်ဦးကပြောသည်။ ပေါက်ကွဲသံအား ယင်းရုံးနှင့်တစ်မိုင်ခန့်ဝေးသည့် ပဲခူးအလုပ်သမားရုံးဝန်းကျင်တွင်လည်းကြားရသည်ဟု ဒေသခံများကပြောကြားသည်။

crd-original source
