“သမ္မတကို ဘယ်သူတွေက ဘယ်လိုရွေးချယ်သလဲ”

မြန်မာနိုင်ငံတွင် စစ်အစိုးရစနစ်မှ ပြောင်းလဲကျင့်သုံး လိုက်သော စနစ်အရ သမ္မတက နိုင်ငံကို အုပ်ချုပ်သောစနစ်ဖြစ် လာပြီး နိုင်ငံတော်အကြီးအကဲနှင့် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတပင် ဖြစ်သည်။

သို့သော် သမ္မတကို ပြည်သူ များက တိုက်ရိုက်ရွေးချယ်ခွင့် မရှိ ဘဲ လွှတ်တော်ကိုယ်စားလှယ်များ မှတစ်ဆင့်သာ တင်မြှောက်နိုင် သည်။ လွှတ်တော်နှစ်ရပ်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်အစုအဖွဲ့တို့က ရွေးချယ်သော ဒုတိယသမ္မတသုံးဦးအနက်တစ်ဦးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက သမ္မတအဖြစ် တင်မြှောက်ရသော စနစ်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကျင့်သုံးလျက်ရှိသော အုပ်ချုပ်ပုံ နည်းစနစ်၌ ယေဘုယျအားဖြင့် ဝန်ကြီးချုပ်ဦးဆောင်သော အုပ် ချုပ်ရေးအဖွဲ့အစည်းနှင့် သမ္မတ ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့ အစည်းဟူ၍ နှစ်မျိုးရှိရာ မြန်မာ နိုင်ငံတွင် ကျင့်သုံးလျက်ရှိသည့် စနစ်သည် သမ္မတဦးဆောင်သည့် စနစ်ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင် သမ္မတစနစ် စစ်စစ်မဟုတ်ဘဲ အ ထက်ပါစနစ်နှစ်မျိုး ရောယှက်နေ သော အသွင်သဏ္ဌာန်ရှိသည့် ရွေးချယ်တင်မြှောက်ရေးစနစ်ကို ကျင့်သုံးထားသဖြင့် သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးကောက် တင်မြှောက်ခွင့်မရှိဘဲ လွှတ်တော် တွင်းမှ သွယ်ဝိုက်တင်မြှောက် သည့်စနစ်ကို ကျင့်သုံးထားသည်။

 နိုင်ငံအကြီးအကဲဖြစ်သော သမ္မတအား ရွေးချယ်တင်မြှောက်ရာတွင် ကိုယ်စားလှယ်အစုအဖွဲ့ကို အခြေခံထားပြီး ရွေးချယ်ကာ ဦးစွာဒုတိယသမ္မတသုံးဦးကို ရွေးချယ်ခြင်းဖြစ်သည်။

 ပြည်ထောင်စုလွှတ်တော် တွင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ထည့်သွင်းမရေ တွက်ဘဲ အရပ်သားရွေးကောက်ခံ ကိုယ်စားလှယ်ဦးရေ ၄၉၈ နေရာရှိသည်။ ထ့ိုကြောင့် နိုင်ငံရေးပါတီတစ်ခုသည် သမ္မတကို ရွေးချယ်တင်မြှောက်နိုင်ပြီး အစိုးရဖွဲ့စည်း နိုင်ရန် လွှတ်တော်နှစ်ရပ်တွင် အ နည်းဆုံး မဲဆန္ဒနယ် ၃၃၃ နေရာ (၆၇ ရာခိုင်နှုန်း)ခန့် အနိုင်ရရှိရန် လိုအပ်သည်။

သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင် ၁၅ မြို့နယ်၌ လုံးဝမကျင်းပနိုင်သဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅ နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၇ နေရာ လျော့နည်းသွားသည်။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၄၇၆ ဦးသာ ရှိမည်ဖြစ်သည်။ တပ်မတော်သားကိုယ်စားလှယ် အပါအဝင် ပြည်ထောင်စုလွှတ်တော်တွင် စုစုကိုယ်စားလှယ် ၆၄၂ ဦး ရှိမည်ဖြစ်၍ ပါတီတစ်ခုတည်းမှ အစိုးရဖွဲ့နိုင်ရန်  ၅၀ ရာခိုင်နှုန်းကျော် ၃၂၂ နေရာ အနိုင်ရရှိရန်လိုသည်။ ၃၂၂ ဦး အနိုင်ရရန်ဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်မဲဆန္ဒနယ် အားလုံး၏ ၆၈ ရာခိုင်နှုန်းခန့် အနိုင်ရရန် လိုခြင်းဖြစ်ပါသည်။

ပြည်ထောင်စုအဆင့် လွှတ်တော်များဖြစ်သည့် အမျိုးသား လွှတ်တော်က ရွေးချယ်တင်မြှောက်သည့်  ဒုတိယသမ္မတတစ်ဦး၊ ပြည်သူ့လွှတ်တော်က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတတစ်ဦးတို့အပြင် ရွေးကောက်ခံမဟုတ်သော တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့တို့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတတစ်ဦး စုစုပေါင်းသုံးဦးကို ဦးစွာရွေးချယ်ရမည်ဖြစ်သည်။

ထိုသို့ ရွေးချယ်တင်မြှောက် ရာတွင် အခြေခံဥပဒေ၌ ပြဋ္ဌာန်း ထားသည့် ဒုတိယသမ္မတအရည် အချင်း သတ်မှတ်ချက်နှင့် ကိုက် ညီသည့် မည်သူ့ကိုမဆို ရွေးချယ် တင်မြှောက်နိုင်ကာ လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ ကိုယ်စားလှယ်မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ်နိုင်သည်။

ဖော်ပြပါ ဒုတိယသမ္မတ သုံး ဦးကို ရွေးချယ်ပြီးပါက ယင်းသုံးဦး အနက်မှ တစ်ဦးကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်နိုင်ရန် လွှတ် တော်နှစ်ရပ် ပေါင်းစည်းထား သည့် ပြည်ထောင်စုလွှတ်တော် ခေါ်ယူရမည်ဖြစ်သည်။

 လွှတ်တော်နှစ်ရပ်ပေါင်း စည်းထားသော ပြည်ထောင်စု လွှတ်တော်က ဖော်ပြပါ ဒုတိယသမ္မတသုံးဦးအနက် ၎င်းတို့ သမ္မတအဖြစ် ရွေးချယ်လိုသူကို မဲပေးရွေးချယ်ကာ မဲအများဆုံးရရှိသူက သမ္မတ၊ ဒုတိယမဲအများဆုံးရရှိသူက ဒုတိယသမ္မတ (၁)၊ မဲအနည်းဆုံးရရှိသူက ဒုတိယသမ္မတ(၂)အဖြစ် ပြည်ထောင်စုလွှတ် တော်က တာဝန်ပေးခန့်အပ်မည် ဖြစ်သည်။

 ထိုကဲ့သို့ ရွေးချယ်တင် မြှောက်ပြီး သမ္မတအဖြစ် တင် မြှောက်ခံရသူက ပြည်ထောင်စု အစိုးရအဖွဲ့၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား ခန့် အပ်တာဝန်ပေးကာ အစိုးရအဖွဲ့  ဖွဲ့စည်းရမည်ဖြစ်သည်။

 ပြည်ထောင်စုအစိုးရအဖွဲ့ ကို ဖွဲ့စည်းရာတွင်လည်း ပါဝင် မည့် ဝန်ကြီးဌာနအရေအတွက်ကို သတ်မှတ်ခြင်း၊ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန် ကြီး ခန့်အပ်ခြင်းများကို နိုင်ငံတော်သမ္မတက စိတ်ကြိုက်ဖွဲ့စည်းပြီး ယင်းအမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူရမည်ဖြစ်သည်။

ထင်ရှားသည့် ဥပမာအဖြစ် အမေရိကန်တွင် သမ္မတစနစ်ကို ကျင့်သုံးသဖြင့် ပြည်သူလူထုက ၎င်းတို့သမ္မတကို တိုက်ရိုက်တင် မြှောက်ခွင့်ရှိ၍ သမ္မတရွေးချယ်ခံရသူသည် စိတ်ကြိုက်အစိုးရအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ကာ ပါလီမန်လွှတ်တော်နှင့်  ဆက်စပ်မှု အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်သည်။ သမ္မတစနစ် မဟုတ်ဘဲ ဝန်ကြီးချုပ်စနစ် ကျင့်သုံးသော ဗြိတိန်နိုင်ငံတွင်မူ အစိုးရအဖွဲ့အကြီးအကဲ ဝန်ကြီးချုပ်နေရာကို ပြည်သူက တိုက်ရိုက်တင်မြှောက်ခွင့် မရှိဘဲ မြန်မာနိုင်ငံတွင် ကျင့်သုံးသော စနစ်နှင့် ဆင်တူသည့် လွှတ်တော်တွင်းမှတစ်ဆင့်သာ တင်မြှောက်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲ၌ အနိုင်ရရှိပြီး လွှတ်တော်တွင်း အမတ်ဦးရေအများစု ရရှိသော ပါတီမှ အနိုင်ရပါတီအဖြစ် သတ်မှတ်ကာ ယင်းပါတီခေါင်းဆောင်က အစိုးရအကြီးအကဲက ဝန်ကြီးချုပ်နေရာရရှိပြီး ၎င်းပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သောသူများဖြင့် အစိုးရဖွဲ့စည်းကာ ပါလီမန်လွှတ်တော်၏ အများစုပါဝင်ပတ်သက်မှုဖြင့် ဆောင်ရွက်သော စနစ်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျင့်သုံး သည့် သမ္မတစနစ်ကို လေ့လာရာ ၌ အထက်တွင် ဖော်ပြခဲ့သည့် နိုင်ငံအကြီးအကဲ တင်မြှောက် သည့်စနစ်နှစ်မျိုးအနက် သမ္မတ ရွေးချယ်ရာတွင် ပါလီမန်စနစ်ကို ကျင့်သုံးပြီး အစိုးရဖွဲ့စည်းမှု၌မူ သမ္မတစနစ်ကို ရောထွေးကျင့် သုံးထားခြင်းဖြစ်သည်။

သို့ဖြစ်၍ လက်ရှိအခြေခံ ဥပဒေအရ ရွေးကောက်ပွဲများ ကျင်းပရာတွင် သမ္မတကို ပြည်သူ လူထုက တင်မြှောက်ခွင့်မရှိဘဲ လွှတ်တော်ကိုယ်စားလှယ်ကိုသာ ရွေးချယ်နိုင်သည်။ ထို့ကြောင့် မိမိတို့အားပေးသော ပါတီအစိုးရ ဖွဲ့နိုင်ရန် ထိုပါတီမှ ရွေးကောက် ပွဲတွင် ပြည်သူလွှတ်တော်နှင့် အ မျိုးသားလွှတ်တော် မဲဆန္ဒနယ် များ၌ ၆၇ ရာခိုင်နှုန်း နိုင်မှသာ မျှော်လင့်နိုင်မည်ဖြစ်သည်။

crd-original source