
လေ့လာမှုတွေအရ ဗြိတိန်လူမျိုးထက်ဝက်ခန့်ဟာ သန့်စင်ခန်းအတွင်း အိမ်သာဖုံးကို ပိတ်လေ့မရှိဘဲ ရေဆွဲချနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။
ဒီလိုုပြုမူနေတာဟာ ဘယ်လောက်ထိဆိုးဝါးသလဲဆိုတာကို ဓာတ်ပုံတွေကတဆင့် ဖော်ပြခဲ့ကြပြီး အန္တရာယ်ကြီးမားတယ်ဆိုတာကို သတိပြုစရာဖြစ်လာခဲ့ပါပြီ။ အိမ်သုံးသန့်ရှင်းရေးထုတ်ကုန်တွေကို ရောင်းချနေတဲ့ နာမည်ကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Harpic က နည်းပညာပိုင်းတော်တော်လေးကောင်းမွန်တဲ့ ကင်မရာကို အသုံးပြုပြီး အိမ်သာဖုံးမပိတ်ဘဲ ရေဆွဲချနေမှုကို ရိုက်ကူးမှုပြုလုပ်ခဲ့ပါတယ်။ ဒိလိုရိုက်ကူးမှုမှာ အိမ်သာခွက်အတွင်းက ဘတ်တီးရီးယား နဲ့ ဗိုင်းရပ်စ်တွေဟာ ခြောက်ပေအကွာထိကို ပြန်လည်လွင့်စင်ပြီး ထွက်လာတယ်ဆိုတာကို တွေ့ရှိခဲ့ရပါယ်။ ဓာတ်ပုံမှာမြင်တွေ့ရတာဆိုရင် ရောင်စုံမီးရှူးမီးပန်းတွေ ဖွာထွက်နေတာကို ပြသနေတာနဲ့ တူနေမှာဖြစ်ပေမယ့် အမှန်တကယ်မှာတော့ ဒါဟာ အိမ်သာခွက်အတွင်းထဲမှာ ထည့်သွင်းထားတဲ့ လေဖိအားဘူးအတွင်းက ပြန်လည်ထွက်လာခဲ့တဲ့ အရည်စက်တွေသာဖြစ်ပါတယ်။ အိမ်သာအိုးအတွင်းရှိ ရေဟာ အန္တရာယ်ရောဂါပိုးတွေနဲ့ ထိတွေ့မိတဲ့အခါမှာ ညစ်ညမ်းမှုဖြစ်စေနိုင်သလို ထပ်မံပြီးတော့လည်း ရှိနေနိုင်တယ်ဆိုတာကို သတိပြုရမှာပါ။

ဒီအတွက်ကြောင့် တကယ်လို့များ အိမ်သာဖုံး၊ အိမ်သာခွက်တို့ကို ကိုင်တွယ်မိပြီးနောက် နှာခေါင်း၊ ပါးစပ်တို့ကို ထိတွေ့မိခဲ့မယ်ဆိုရင် ရောဂါပိုးအန္တရာယ်တွေ သက်ရောက်စေနိုင်တယ်လို့ Harpic က သတိပေးခဲ့ပါတယ်။ လူပေါင်းနှစ်ထောင်အထိကို စစ်တမ်းပြုလုပ်ခဲ့ရာမှာ ဒီလိုအန္တရာယ်တွေရှိတယ်ဆိုတာကို မသိတာကြောင့် အိမ်သာဖုံးကို မပိတ်ဘဲ ရေဆွဲချလေ့ရှိတယ်လို့ အများစုက ဖြေဆိုခဲ့ကြပါတယ်။ အဖုံးမပိတ်ဘဲ ပြုမူခြင်းဟာ အန္တရာယ်များတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပြီးနောက်မှာ ၉၅%ခန့်က သူတို့ရဲ့ အပြုအမူ နဲ့ အလေ့အထကို ပြောင်းလဲပစ်မယ်လို့ ဆုံးဖြတ်ခဲ့ကြကြောင်း ဆိုပါတယ်။

ရေဆွဲချချိန်မှာ အိမ်သာဖုံးကို ပိတ်ပစ်ဖို့အတွက် Harpic က ပညာပေးခဲ့ပြီး ရေချိုးခန်းကို သန့်ရှင်းရေးလုပ်ချိန်မှာလည်း လက်အိတ်တွေဝတ်ဆင်ထားဖို့အတွက်လည်း တိုက်တွန်းခဲ့ပါတယ်။ Harpic ရဲ့ အခုလိုမျိုးထုတ်ဖော်ပြသပြီး အသိပညာပေးခဲ့မှုဟာ ကျန်းမာရေးအတွက် တော်တော်လေးကို ကောင်းမွန်ထိရောက်တယ်လို့လည်း ထောက်ခံခဲ့ကြပါတယ်။ အိမ်သာအသုံးပြုပြီးတိုင်း ရေဆွဲချရာမှာ အဖုံးပိတ်ဖို့အတွက်လည်း ကမ်ပိန်းပြုလုပ်ဖို့အတွက်တောင်မှ စီစဉ်နေတယ်လို့ သိရပြီး ကျန်းမာရေးအတွက်ကြီးမားတဲ့ အကျိုးကျေးဇူးတွေရရှိမယ်လို့လည်း မျှော်လင့်နေကြပါတယ်။
#Crd original uploader
