Burmese cat လို့ နိုင်ငံတကာ မှာ ခေါ်ကြတဲ့ မြန်မာကြောင်တွေဟာ တစ်ချိန် တုန်းကတော့ မြန်မာနိုင်ငံအနှံ့က ဘုရားကျောင်းကန်တွေ၊ အိမ်တွေမှာ အများ အပြားတွေ့ ရပါတယ်။ ဒါပေမဲ့ အခုအချိန် မှာတော့ နိုင်ငံ ရဲ့နာ မည်နဲ့ ကြောင်တွေဟာ မြန်မာနိုင်ငံမှာ ရှာလို့မရေ လာက်အောင်ကို ရှားပါးနေပါပြီ။
လှပပြီးတော့ ပြောင်ေ ချာနေတဲ့ အမွေးရှိတဲ့ မြန်မာကြောင်တွေဟာ ချောက လက်ရောင်၊ အပြာနဲ့ မီးခိုးကြား စပ်အရောင်(blue-grey) နဲ့ အညိုနုရောင် (champagne) ရောင်ဆိုပြီး ရှိတတ်ပြီးေ တာ့ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ် လပ်ရေးရပြီးေ နာက်ပိုင်း မြန်မာနိုင်ငံမှာ ရှားပါးသွားတာဖြစ်ပါ တယ်။ နိုင်ငံတွင်း မှာ တခြားကြောင်မျိုးစိတ် တွေနဲ့ သားဖောက်တာ များလာတဲ့အခါမှာတော့ မြန် မာကြောင် (Burmese cat) မျိုးစစ်စစ်ဆိုတာ မရှိတော့ပါဘူး။

အခုအခါမှာ Burmese cat တွေဟာ မြန်မာနိုင်ငံရဲ့အမွေအနှစ်တွေထဲက တစ် ခုဖြစ်တယ်လို့ ယုံကြည်ထားတဲ့ အမျိုးသမီး တစ်ယောက်ဟာ မြန်မာနိုင်ငံထဲမှာ ဒီကြောင်တွေ ပြန်လည်ပြန့်ပွားစေဖို့ လုပ်ဆောင်နေပါပြီ။ ကျွန်မကြောင် မချစ်တတ်ပါဘူး လို့ပြောရင် ရယ်ကြလိမ့်မယ်လို့ Inle Heritage House က မယဉ်မျိုးစု က ပြောပါတယ်။ ကျွန်မငယ်ငယ်တုန်းကဆိုရင် အိမ်နား ကကြောင်တွေက ကျွန်မမွေးထားတဲ့ ခွေးလေးကို လာလာ ကုတ်ကြတယ်လို့ သူကပြောပါတယ်။ သူ့အနားမှာကြောင်ပေါင်း များစွာ ဝန်းရံနေရင်းနဲ့ကို ကြောင် တွေ မချစ်ဘူးလို့ သူပြောနေပေမယ့် တကယ်တမ်းတော့ ကြောင်ချစ်သူတစ်ဦး ဖြစ်နေပါပြီ။

မြန်မာနိုင်င်ငံရဲ့ နိုင်ငံခြား ခရီးသွားတွေကို ဆွဲဆော င်နိုင်ရာ နေရာတစ် ခုဖြစ် တဲ့ အင်းလေးကန်ရဲ့ အလယ်က ကျွန်းလေး မှာ Inle Heritage House စား သောက် ဆိုင်ရှိပြီး မယဉ်မျိုးစုနဲ့ သူရဲ့ကြောင် ၄၀ လောက်နေတဲ့ cat village ကြောင်ရွာ ရှိပါတယ်။ ကြောင်ချစ်သူတွေနဲ့ နိုင်ငံခြားသား အများအပြားကို ကြောင်ရွာမှာ နေ့စဉ်တွေ့ရမှာဖြစ်ပါတယ်။ Inle Heritage House က hospitality နဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ လုပ် ကိုင်ချင်တဲ့ ဒေသခံတွေအတွက် သင်တန်းပို့ချရာနေရာလည်းဖြစ်ပြီး ဆိုင်အ နောက်မှာ ကြောင်ရွာရှိတာဖြစ်ပါတယ်။ စားသောက်ဆိုင်နဲ့ café မှာ နိုင်ငံခြား သားတွေအတွက် မြန်မာထမင်းဟင်းချက်နည်း cooking class ရှိပြီး ကျွန်း ပေါ်က စိုက်ခင်းတွေ ကနေ organic food တွေကို နိုင်ငံခြားသားတွေကိုယ် တိုင် ခူးကြပြီး လာရောက်ချက်စားလေ့ရှိပါတယ်။ ဧည့်သည်တွေအနေနဲ့ ကြောင်ရွာကို ၁၁ နာရီက နေ ၂ နာရီအတွင်းဝင်ရောက် လေ့လာလို့ရပါတယ်။ ကြောင် တွေကို တွေ့ဖို့ အချိန်ကန့်သတ်ထားတာက တစ်နေကုန် လူတွေ ဝင်ထွက်နေရင် ကြောင်တွေ နေရတာ အဆင်မပြေဖြစ်မှာ စိုးလို့ပါလို့လည်း ပြောပါတယ်။

ကြောင်ရွာရော ကြောင်ကျွန်းပါ သေးသေးလေးပါ။ ဒါပေမဲ့ ရေပတ်လည်ဝိုင်း နေတဲ့အတွက် မြန်မာကြောင်မျိုး အစစ်တွေပဲရှိတဲ့ ကျွန်းမှာ တခြားတောကြောင် တွေနဲ့ တခြားကြောင်မျိုးတွေဝင်လာပြီး သားဖောက်တာမျိုး မလုပ်နိုင်တဲ့ အတွက် မြန်မာေ ကြာင်မျိုးပြန့်ပွားအောင် လုပ်တဲ့နေရာမှာ အဆင်ပြေပါတယ်။ ကျွန်းပေါ်မှာ ကြောင်တွေကို ဂရုစိုက်ဖို့အတွက် ဝန်ထမ်းတွေရှိပြီး သားဖောက် တဲ့လုပ်ငန်းတွေကိုတော့ မချောစု က တာဝန်ယူထားပါတယ်။ မချောစုကို မယဉ် မျိုးစုက ကြောင်တွေအားလုံးရဲ့ အမေလို့တင်စားပြီးပြောပါတယ်။ မြန်မာကြောင်မျိုးတွေ ပြန့်ပွားရေး ပရောဂျက်ကို ၂၀၀၇ ခုနှစ်လောက်ကတည်း က စလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်လောက်မှာ အင်းလေးမှာ ဟိုတယ် လုပ်ငန်းလုပ်ကိုင်နေတဲ့ မယဉ်မျိုးစုကို တရုတ်နိုင်ငံက အဖွဲ့ တစ်ဖွဲ့က မြန်မာနိုင် ငံမှာ မြန်မာကြောင်တွေ ပြန်လည်ရောက်ရှိလာဖို့ ပရောဂျက်တစ်ခုလုပ်ဖို့ ပြော ခဲ့ပါတယ်။ China Exploration and Research Society နဲ့ တိုင်ပင်ပြီးတဲ့ နောက်မှာတော့ ကြောင်ပရောဂျက်ကို စတင်ခဲ့ ပါတာဖြစ်ပါတယ်လို့ ပြော ပါတယ်။

အစတုန်းက ကမ္ဘာတစ်ဝန်းက ကြောင်မွေးမြူတဲ့ လူတွေ ကနေ မြန်မာကြောင် ၇ ကောင်ကိုရခဲ့ပြီးပရိုဂရမ် ကိုစခဲ့ တာပါ။ နောက်တော့ သြစတြေးလျက ၄ ကောင် ရောက် လာခဲ့ပြီး အင်္ဂလန်နိုင်ငံက စတိုးဆိုင် ကြီး Harrods ကနေ တော်တော် ဈေးကြီး ကြီးပေးပြီးတော့ နောက်ထပ် ၃ ကောင်ကို ဝယ်ခဲ့ပါတယ်။ ကြောင်တွေကို ထိန်းသိမ်း ရတာ အရမ်းကိုတာဝန်ကြီးပါတယ်လို့ မယဉ်မျိုးစုက ပြော ပါတယ်။ ဆေးထိုးပေးရ တာ၊ နိုင်ငံခြားက သယ်လာတဲ့ အတွက် သယ်ယူ ပို့ဆောင်စရိတ်တွေနဲ့ တော်တော် ကို ငွေကုန်ကြေးကျများ ပါတယ်။ ကျွန်းပေါ် ရောက်တဲ့ အခါမှာလည်း ကြောင်မိ သားစုဝင်ချင်း သားဖောက်မိမှာ စိုးလို့ သတ် သတ်စီခွဲ ထားရပါသေးတယ် လို့ ပြောပါ တယ်။ ကျွန်းမှာ ကြောင်မျိုးပြန့်ပွားရေးအတွက် လုံခြုံရေးတွေ သေချာလုပ်ပြီးတဲ့အခါ မှာတော့ ပရောဂျက်က အောင်မြင် ခဲ့ပြီး ၇ ကောင်ကနေ အခု ကြောင်ရွာမှာ အကောင် ၄၀ ကျော်တောင် ရှိနေပြီဖြစ်ပါတယ်။

မြန်မာကြောင်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၀၀၀ လောက်ကတည်းက ရှိခဲ့ တယ်လို့ ပြောကြကာ ရှေးအစဉ် အဆက် ဘုရင်တွေလည်း မွေးခဲ့ကြပြီး မြန်မာ နိုင်ငံရဲ့ နောက်ဆုံးဘုရင်ဖြစ်တဲ့ သီပေါမင်းလည်း မွေးခဲ့တယ်လို့ သိရပါတယ်။ ပရောဂျက်ရဲ့ အဓိက ရည်မှန်းချက်က မြန်မာကြောင်တွေ မြန်မာနိုင်ငံမှာ ပြန် ပြန့်ပွားလာပြီး မြန်မာလူမျိုးတွေနဲ့ ဝေးကွာသွားတဲ့ Burmese cat ကို မွေးစေ ချင်လို့ဖြစ်ပါတယ်။ ဒီ campaign ကို လူသိများအောင်လို့ ဒေသခံ လူတစ် ယောက်ကလည်း သူ့ရဲ့Twitter account ကနေ လုပ်နေတယ်လို့သိရ ပါတယ်။ အခုဆိုရင် ကြောင်တချို့ကို ဒေသခံတွေ မွေးဖို့ပေးထားပါတယ်။ နိုင်ငံခြား သားတွေကိုတော့ လိုချင်ရင် ဒေါ်လာ ၆၀၀ နဲ့ရောင်းပါတယ်။ ဒါပေမဲ့ မွေးချင်တဲ့ သူ မြန်မာဖြစ်ဖြစ်၊ နိုင်ငံခြားသားဖြစ်ဖြစ် မယဉ်မျိုးစုနဲ့ အရင် အင်တာဗျူးရပြီး သူသဘောတူမှ ပေးမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တစ်ကောင်ပေး ထားပေမယ့် ဒေါ်အောင် ဆန်းစုကြည် အိမ်က ခွေးနဲ့ မတည့် တာကြောင့် ပြန်ခေါ်လာခဲ့တယ်လို့ သိရ ပါတယ်။ ပရောဂျက်ရဲ့ ရည်ရွယ်ချက်က တကယ်ဆိုရင်ေ ကြာင်ေ တွ မြန်မာနိုင်ငံကို ပြန် ရောက် ဖို့ဆိုတာထက် ပိုပါ တယ်။ မြန်မာနိုင်ငံမှာ အဖိုးတန်ပစ္စည်းတွေ များစွာ ဆုံးရှုံးနေပါတယ်၊ ဥပမာ ကျောက်စိမ်းတွေပေါ့။ အခုလို မြန်မာနိုင်ငံ ပွင့်လင်း လာပြီးတဲ့အခါမှာ နိုင်ငံရဲ့ အမွေအနှစ်တွေကိုထိန်းသိမ်းဖို့ တစ်ခုမဟုတ်တစ် ခုတော့ လုပ်သင့်ပါတယ်။ လူတွေက ဒါဆိုရင် ဘာဖြစ် လို့ ကြောင်တွေမွေးတာ လဲလို့ မေးကြပါတယ်။ ကြော င်တွေမွေးတော့ ဘာဖြစ်လို့လဲလို့ ကျွန်မပြန်မေး လေ့ ရှိပါတယ်လို့ သူက ပြောပါတယ်။

ဒီပရောဂျက်ကနေပြီး နိုင်ငံသားတွေအတွက် ကိုယ့်နိုင်ငံယဉ်ကျေးမှုကို အလေး ထားတတ်အောင် သင်ခန်းစာ ရစေချင် တယ်လို့ လည်း သူက ပြောခဲ့ပါတယ်။ Burmese Cat တွေအများစုက ၁၉၃၀ ပြည့်နှစ်တုန်းက မြန်မာနိုင်ငံကနေ Dr. Joseph Cheeseman Thompson ဆိုသူက Wong Mau ဆိုတဲ့ မြန်မာ ကြောင်မတစ်ကောင်ကို အမေရိကန်နိုင်ငံကိုယူသွားခဲ့ပြီး အဲ ဒီကြောင်က မြန် မာကြောင်နဲ့ ဆင်တူတဲ့ ထိုင်း Siamese ကြောင်မျိုးနဲ့ သားဖောက်ပြီး ဆင်း သက်လာ တာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး မြန်မာကြောင်အစစ် တွေ ပျောက်သွားပေမယ့် ဗြိတိန်နိုင်ငံကို သယ်သွား ခံရတဲ့ ကြောင်တွေ နဲ့ အမေ ရိကန်ရောက် မြန်မာကြောင်တွေကို ပိုင်ရှင်တွေက မျိုးစစ်အောင် သေချာသားဖောက်ခဲ့ တာကြောင့် အခုထိရှိနေတာဖြစ် ပါတယ်။
Crd Writer : တက္ကသိုလ် ခွန်Rကာ
