နာမည်ကျော်ဒီဇိုင်နာတစ်ဦး မကွယ်လွန်မီ နောက်ဆုံးရေးခဲ့တဲ့စာ

နာမည်ကျော် ဒီဇိုင်နာ တစ်ဦးဖြစ်တဲ့ Kirjeda Rodriguez ဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားရှာပါပြီ …
မကွယ်လွန်မီ နောက်ဆုံးရေးသားခဲ့စာလေး ကြိုက်လွန်းလို့ ရှယ်ပါရစေ


“လောကမှာ သေချင်းတရားထက်ပိုတဲ့ အမှန်တရားမရှိပါဘူးရှင်
လောကမှာ စျေးအမြင့်ဆုံးဆိုတဲ့ ကားတွေ
ကျမ အိမ်ဂိုထောင်ထဲမှာ ရပ်နေကြတယ်..
ဒါပေမဲ့ ကျမ ဝီးချဲနဲ့ သွားနေပါတယ်။

လောကမှာ အလှဆုံး အဆန်းကျယ်ဆုံး ဒီဇိုင်းဆိုတဲ့ အဝတ်အထည်တွေ ကျမ ဗီရိုထဲမှာ ပြည့်နှက် နေပါတယ်..
ဒါပေမဲ့ ကျမ ဆေးရုံက ပိုးသတ်ထားတဲ့ ဝတ်ရုံဖြူကို ဝတ်ဆင်ထားပါတယ်
မြောက်များလှစွာသော ငွေတွေ ကျမရဲ့ ဘဏ်စာအုပ်ထဲမှာ အိပ်ပျော်နေကြပါတယ်..
ဒါပေမဲ့ တကျပ်မှ ကျမအတွက် အသုံးမဝင်တော့ပါဘူး။

နန်းတော်ကြီးအလား ခမ်းနားကြီးကျယ်တဲ့ အိမ်ကြီးကို
ပိုင်ဆိုင်ပေမဲ့ ခုတင်အသေးလေးတလုံးပေါ်မှာသာ ကျမ အခု လှဲနေပါတယ်
အလှပဆုံး ကြယ်ငါးပွင့်ဟိုတယ်တွေမှာ ကျမ ခရီးထွက်တည်းခိုခဲ့ဘူးပါတယ် ..
ဒါပေမဲ့ အခု ဆေးရုံဓာတ်ခွဲခန်းနဲ့ သွေးစစ်ခန်းကြား
ကျမ လူးလာခေါက်တုန့် ခရီးသွားနေရပါတယ်
တနေ့တနေ့ ကျမဆီက အော်တိုရဖို့ လူထောင်ကျော် တန်းစီတိုးဝှေ့ခဲ့ဘူးပါတယ် ..
အခုတော့ ဆရာဝန်ရဲ့လက်မှတ်တခုသာ ကျမအတွက် အော်တိုဂရပ်ပါ။

ပွဲတွေ များလွန်းလို့ တရက်ထဲ Hair style ခုနှစ်မျိုးလောက် ကျမ ပြောင်းလဲ အလှပြင်ခဲ့ရပါတယ်..
ဒါပေမဲ့ ကျမခေါင်းပေါ်မှာ ဖီးစရာ ဆံပင်တမျင်မှ မကျန်တော့ပါ
အရသာ အကောင်းဆုံး ဆိုတဲ့ ဟိုတယိတွေမှာ ကျမ စားသောက်ခဲ့ပါတယ် ..
အခု ဆေးတွေသာ ကျမ အတွက် အစာပါ ။
ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ပျော်ရွှင်စွာ ပျံသန်းနေခဲ့တဲ့ ကျမ ဆေးရုံဝရန်တာထွက်ဖို့တောင် လူနှစ်ယောက်ကို အားကိုးနေရပါပြီ
ကျမ နေ့မအား ညမအား ကျိုးစားရှာခဲ့တဲ့ စည်းစိမ်တွေ တခုမှ ကျမကို မကယ်နိုင်ခဲ့ပါဘူး ..
ကျမအတွက်အားကိုးရာ မဖြစ်ခဲ့ပါဘူး
ချစ်ခြင်းမေတာနဲ့ ဖေးမတဲ့ မိသားစုဝင်တွေ ဘာမျော်ကိုးမှုမှမရှိဘဲ ကျမအတွက် ဆုတောင်းပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေသာ ကျမကို စိတ်ဖြေရာ စိတ်သက်သာရာ အားဆေးတွေပါ..


ဒါကြောင့် ကျန်းမာနေတုန်းမှာ
လူတိုင်းအပေါ်မေတ္တာပြပါ
စေတနာထားပါ
မိသားစုဝင်တွေကို အချိန်ပေးပါ
သူငယ်ချင်းကောင်းတွေ ရှာဖွေပါ..
ဘဝဟာ သိပ်ကို တိုတောင်းလွန်းပါတယ်

crd