မိမိပတ်ဝန်းကျင်မှာ ဗုံးသတိ အမြဲရှိကြပါ

(၁)ပေါက်ကွဲမှု ဖြစ်ပွားရင် ကိုက် ၅၀ ပတ်ချာလည်မှ အမြန်ဆုံး ထွက်ခွာပါ။
အုတ်၊ အင်္ဂတေ အကာ အကွယ်ရှိအဆောက်အဦးများထဲသို့ ဝင်ရောက် ခိုလှုံနေပါ။


(၂)နောက်ပိုင်းတွေ့ရှိသမျှ လက်လုပ်ဗုံးများမှာ ချိန်ကိုက်စနစ် များပါသဖြင့် ပထမတကြိမ် ပေါက်ကွဲမှုဖြစ်လျှင် ၎င်းပတ်ဝန်းကျင်သို့ သွားရောက်ကြည့်ရှုခြင်း ရှောင်ကျဉ်ပါ။


(၃)လူစည်ကားရာနေရာများသို့ သွားရောက်ပါက မိမိပတ်ဝန်းကျင်တွင် ပိုင်ရှင်မဲ့ ကျွတ်ကျွတ်အိတ်အမဲ၊ ကျောပိုးအိတ်၊ ထမင်းဗူးပုံစံများ ချထားခြင်းတွေ့ရှိပါက သက်ဆိုင်ရာဝန်းကျင်ရှိ စျေးကော်မတီ၊ အဆောက်အဦး တာဝန်ခံများထံ သတင်းပို့ပါ။


(၄)ဘက်စ်ကားမှတ်တိုင်များ၊ ခရီးသည်နားခိုရာနေရာများ ရောက်ရှိပါက နားနေပတ်ဝန်းကျင်နှင့် ထိုင်ခုံများပေါ်/ အောက်တွင် မသင်္ကာဖွယ်ရာ အထုတ်များ၊ ပါဆယ် ပုံးများတွေ့ရှိပါက အမြန်လူစုခွဲ၍ သက်ဆိုင်ရာသို့ အကြောင်းကြားပေးပါ။


(၅)ညဉ့်နက်အချိန်နှင့် မနက်စောစောအချိန်များတွင် မိမိတို့ တိုက်အောက်၊ အိမ်ရှေ့ပတ်ဝန်းကျင်များ၌ မသင်္ကာဖွယ်ရာ အထက်ပါပစ္စည်းများ၊ အထုပ်များ တွေ့ရှိပါက အနီးအနားမကပ်ဘဲ သက်ဆိုင်ရာ အပိုင်အုပ်ချုပ်ရေးလူကြီးများထံ သတင်းပို့ပါ။


(၆)YBS စီးနင်းသူများအနေဖြင့် ကားပေါ်တက်ပြီးသည်နှင့် ဝန်းကျင်ထိုင်ခုံများအောက်သို့ အထုပ်များ၊ ပါဆယ်ပုံးများ ရှိ မရှိ စူးစမ်းလေ့လာပါ။ မသင်္ကာပါက ယာဉ်မောင်းထံ လှမ်းပြောပြပါ။ ကားကို ရပ်တန့်ခိုင်းပါ။


(၇)TAXI စီးနင်းသူများအနေဖြင့် ကားပေါ်မတက်မီ ကျန်ရှိပစ္စည်း ရှိ မရှိ စစ်ဆေးပါ။ အထုပ်များ၊ ပုံးများ၊ ကျောပိုးအိတ်၊ Laptop bag များ တွေ့ရှိက ကိုင်တွယ် ကြည့်ရှုခြင်းမပြုဘဲ ကားသမားကို ပြောပါ။


(၈)TAXI ယာဉ်မောင်းများ အနေဖြင့် ခရီးသည်တစ်ဦး ဆင်းသွားပါက မသင်္ကာဖွယ်ရာပစ္စည်းများ ကျန်ရှိ မရှိ စစ်ဆေးပေးပါ။ တွေ့ရှိပါက အနီးစပ်ဆုံးရဲကင်း လုံခြုံရေးအဖွဲ့များကို ခေါ်ပါ။


(၉)အိမ်စီးကားများအနေဖြင့် ညအိပ်ယာဉ်ရပ်နားပြီး ပြန်လည်ထွက်ခွာစဉ် မိမိကား၏ အောက်ဘက်၊ ဘေး ဘယ်ညာသို့ လုံခြုံရေးအသိဖြင့်စစ်ဆေးပါ။

(ပဲခူးတိုင်းထဲမှာ ကိုယ်ပိုင်ကား ဗုံးကွဲဖြစ်စဉ်များ ၃ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။)
မိတ်ဆွေများအန္တရာယ် ကင်း ဘေးရှင်းကြပါစေ။

crd