ဝင်ငွေကောင်းတဲ့လူတစ်ယောက်ဖြစ်ချင်ရင်

ကျွန်တော့် အသိလုပ်ငန်းရှင်တွေကို မေးကြည့်ဖူးတယ်။
ခင်ဗျား ခုအခြေအနေထိရောက်ဖို့ ဘာတွေ လုပ်ခဲ့လဲ၊ ဘာအချက်တွေကို သိခဲ့လဲဆိုတာဘဲ။
သူတို့ပြောတဲ့ထဲမှာ တူညီအချက်တခု ရှိတယ်။အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။

သူတို့အားလုံးဟာ အသက် ၂၀ မပြည့်ခင်ကတည်းက ကိုယ်ပိုင်ဝင်ငွေကို ရှာနိုင်နေကြတဲ့သူတွေ ဖြစ်ပါတယ်။
ငယ်ရွယ်စဉ်ကတည်းက ငွေရှာနိုင်တဲ့သူတွေ လက်ရှိမှာလည်း အများကြီးရှိပါတယ်။
သူတို့ကို ကြည့်လိုက်ရင် အမြဲတတ်ကြွနေတယ်။
အခွင့်အလမ်းတွေကို ရှာဖွေနေကြတယ်။
ဒ့ါကြောင့် သူတို့လက်ထဲ ငွေသီးတာဘဲ။
အသက် ၂၅ပြည့်ရင် ချမ်းသာရမယ်၊ အသက် ၃၀ ပြည့်ရင် ချမ်းသာရမယ် လို့ ရည်မှန်းချက်တွေ ချမှတ်ကြတာ ကောင်းတယ်
ဒါပေမယ့် အသက် ၂၀လောက်ကတည်းက ငွေရှာနိုင်ဖို့ လိုပါတယ်။
ကိုယ်သတ်မှတ်ထားတဲ့ အရွယ်ရောက်မှ ငွေတွေ သောက်သောက်လဲ ဝင်ပြီး ရုတ်တရက် ချမ်းသာလာမှာ မဟုတ်ဘူး။
ထီပေါက်တာတို့၊ ကျောက်အောင်တာတို့ကတော့ ချွင်းချက်ပေါ့။
အစကတည်းက ငွေရှာတတ်ဖို့ လိုပါတယ်။
ဒီတော့ လူငယ်တွေအနေနဲ့ လက်ထဲငွေသီးတဲ့ အခြေအနေတွေဖြစ်အောင် ဘာတွေ လုပ်လို့ရနိုင်မလဲ။
ကြည့်ကြရအောင်

handmade ပစ္စည်းများ ရောင်းချခြင်း

တကယ်လို့သင်သာ ငယ်ငယ်ကတည်းက အသစ်အဆန်း ပစ္စည်းတွေဖန်တီးချင်တဲ့စိတ်ရှိရင်တော့ Handmade ပစ္စည်းလုပ်ပြီးရောင်းတာကလဲ ကိုယ့်တီထွင်ဆန်းသစ်မှုကို ပြသတဲ့အပြင် အိမ်မှာနေပြီး ပိုက်ဆံရှာတဲ့နည်းလမ်းတခုပါပဲ။

လုပ်ချင်ပေမဲ့ အတွေ့အကြုံမရှိသေးလို့ ဘယ်လိုလုပ်ရမယ် ဘာရောင်းရမယ်ဆိုတာ တွေဝေမသွားကြပါနှင့်။ ပြဿနာတိုင်းအတွက်အဖြေရှိပါတယ်။ သင့်အိမ်ကို ပတ်ပတ်လည်လေ့လာကြည့်လိုက်ပါ။ သင်လိုအပ်တဲ့ ပစ္စည်းတချို့ လိုအပ်နေမှာတွေ့ပါလိမ့်မယ်။ ဘိလပ်မြေအလှပန်းအိုး၊ ‌ရောင်စုံစားပွဲခင်းစတဲ့ ပစ္စည်းတွေလိုနေသလား? အင်တာနက်ပေါ်လေ့လာပြီး ဆိုင်ကြီးတွေမှာ ဘာပစ္စည်းတင်ရောင်းနေသလဲ ကိုယ်တင်မဲ့ ပစ္စည်းနှင့်တူနေမလားစသည်ကို သေချာစာရင်းပြုစုကြည့်ပါ။ သင့်အနေနှင့် ဘာရောင်းရမလဲဆိုတာ သေချာအဆင်သင့်ဖြစ်ပြီဆိုရင် တစိုက်မှတ်မှတ် လက်တွေ့ အသုံးချနိုင်ပါပြီ။

ကိုယ်တိုင် ဟင်းလျာများ ဖန်တီးရောင်းချခြင်း

မာလာရှမ်းကောမှ၊ ဟော့ပေါ့မှ ရောင်းရတာမဟုတ်ပါဘူး။
မိမိရဲ့ လက်ရာကောင်းရင် ဝန်ဆောင်မှုကောင်းရင် စိတ်ကူးကောင်းရင် ဘယ်လိုဟင်းမျိုးမဆို ရောင်းရပါတယ်။
လူတိုင်း အစားကောင်း အသောက်ကောင်း ကြိုက်ကြပါတယ်

တခုကောင်းတာက ဆိုင်ခန်းလိုနေရာမျိုး ငှားစရာမလိုဘဲ မိမိအိမ်ကနေဘဲ ကိုယ့်ဘာသာ ချက်ပြုတ်၊ အွန်လိုင်းကနေ ရောင်းချနိုင်ပါတယ်။
မိမိ Facebook account မှာဘဲဖြစ်ဖြစ် မိမိ Facebook Page မှာဘဲ ဖြစ်ဖြစ်
မိမိရောင်းချတဲ့ ဟင်းလျာ အမျိုးအမည်ကို တင်ပြီး ရောင်းချနိုင်ပါတယ်။
ကျွန်တော့်အသိတွေ ရောင်းကြတာရှိပါတယ်။ တော်တော်ရောင်းရပါတယ်။
မှာယူတဲ့သူဆီကို ကိုယ်တိုင်ပို့ဆောင်ပေးနိုင်သလို အွန်လိုင်း delivery တွေရှိနေတော့ ပိုအဆင်ပြေပါတယ်

ကိုယ်တိုင်ရိုက်ဓာတ်ပုံများ ရောင်းချခြင်း

အွန်လိုင်းပေါ် အလှဓာတ်ပုံတင်ရောင်းတာက သမရိုးကျစီးပွားရေးတစ်ခုဖြစ်ပါတယ်။

ဥပမာ Getty Images၊ Shutterstock၊ iStock၊ 500px နှင့် Stocksy စတဲ့ websiteတွေမှာ ဓာတ်ပုံတင်ရောင်းလို့ရတာ အသေချာပါပဲ။အွန်လိုင်းပေါ် အလှဓာတ်ပုံတင်ရောင်းတာ အောင်မြင်ချင်တယ်ဆိုရင် အရေးကြီးဆုံးသိထားသင့်တဲ့ အချက်(၃)ချက်ရှိပါတယ်။

? ပထမဆုံးအနေနဲ့ သင်ကဘယ်လို ဓာတ်ပုံရိုက်ရတာ အားသန်လဲ? ပန်းပုံလား? ရှုခင်းပုံလား? လူပုံလား? စသည်ဖြင့် သင့်ရဲ့ အားသန်ရာကို အရင်သိအောင်လုပ်ပါ။ ကြည့်ရှုတဲ့သူ ရှာပါ။

? ဓာတ်ပုံရောင်းအား‌ကောင်း/မကောင်းက သင့်ရဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်ပေါ်ပဲသက်ရောက်နေမှာပါ။ Idea ကောင်းလာတာနှင့်အမျှ သင့်social media ပေါ်ကြည့်ရှုသူများလာမှာ ဧကန်မှုချပါပဲ။

ဗီဒီယို ဂိမ်းဆော့ခြင်း

ဂိမ်းကစားခြင်းဟာဆိုရင် အရင်ခေတ်နှင့်မတူ ဝင်ငွေရှာနိုင်တဲ့ အဆင့်ထိရောက်ရှိလာတာကို သိကြမှာပါ။
ဒီနေ့ခေတ်မှာတော့ ဂိမ်းနှင့်ဆိုင်တဲ့ ဘွဲ့တွေ၊ Sponsorship တွေယူနိုင်သည့်အပြင် esport professional gamer တယောက်အနေနှင့်လဲ ရပ်တည်နိုင်ပါတယ်။
ယခု နိုင်ငံရေး အခြေအနေကြောင့် ဂိမ်းလောကဟာ ငြိမ်နေသေးတယ်ဆိုပေမယ့်
တချိန်မှာ သေချာပေါက် ပြန်လည်ဦးမော့လာဦးမှာပါ။
လူငယ်တိုင်း ဂိမ်းဆော့ကြပါတယ်။
ဒီဈေးကွက်ဟာ အလွန်ကြီးမားပါတယမ

ဒီဂိမ်းတွေရဲ့ လုပ်ငန်းတန်ဖိုးဟာဆိုရင် အမေရိကန်ဒေါ်လာ 1.7ဘီလီယံနှင့်အထက်မှာရှိနေပါတယ်။ Video gameတွေက ခုနကပြောသလို ဝင်ငွေရှာနိုင်တဲ့ အဆင့်ထိရောက်နေပြီဖြစ်တာကြောင့် ဝင်ငွေရလွယ်တဲ့နည်းလမ်းတခုဆိုလဲ မမှားပါဘူး။ ဒါ့အပြင် သင်ကသာ သင်ကစားနေတဲ့ ဂိမ်းတွေကို ကျွမ်းကျင်မယ်ဆိုရင် Twitch.tv နှင့် Youtube တွေမှာပါ streamပြီး အပိုဝင်ငွေရစေမှာပဲ

ဒီဂျစ်တယ်ပစ္စည်းများ ရောင်းချခြင်း

လူတိုင်း ဒီဂျစ်တယ်ပစ္စည်းတွေကို ဖန်တီးလို့ရပါတယ်။

အခုနောက်ပိုင်း အင်တာနက်က တနေ့တနေ့ကျယ်ပြန့်လာတာနှင့်အမျှ လုပ်ငန်းတခုဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ဒီဂျစ်တယ်ပစ္စည်းတွေ ရောင်းခြင်းက အွန်လိုင်းစီးပွားရေးကောင်းတခုဖြစ်လာမှာသေချာပါတယ်။

ခုနောက်ပိုင်းမှာ စီးပွားရေး လုပ်ငန်းတွေမှာ website တွေ လိုအပ်လာတယ်။
မိမိက websiteတွေကို ကျွမ်းကျွမ်းကျင်ကျင် ဖန်တီးတတ်သူဆိုရင်
Facebook ပေါ်မှာ လုပ်ငန်းရှင်တွေဆီ ချိတ်ဆက်ပြီး သူတို့အတွက် website တွေဖန်တီး ဝင်ငွေရှာနိုင်ပါတယ်။
Website တခုကို သိန်းဂဏန်းအထိ ဈေးရှိပါတယ်။

နောက်တခုက အွန်လိုင်းသင်တန်းတွေ ဖြစ်ပါတယ်။
ကိုယ့်ဘက်က ကျွမ်းကျင်မှူ တခုရှိတယ်ဆိုရင်
ဒီကျွမ်းကျင်မှုကိုဘဲ သင်ခန်းစာတွေအဖြစ် ပြောင်းလဲပြီး အွန်လိုင်း သင်တန်းအဖြစ် ရောင်းချဝင်ငွေရှာလို့ ရပါတယ်။

Website တွေမှာ သင်ကြသလို
များသောအားဖြင့် Facebook မှာ အွန်လိုင်းသင်တန်းတွေကို သင်ကြပါတယ်။

ဒီဂျစ်တယ် ပစ္စည်းတွေဟာဆိုရင် အရင်းအများကြီးမလိုဘဲနဲ့ စီးပွားရေးကောင်းတခုဖန်တီးနိုင်မှာအသေချာပါပဲ။

စာအုပ်ထုတ်ဝေ ရေးသားခြင်း

သင်စာရေးရတာ ဝါသနာပါသလား? ကိုယ့်နာမည်နှင့် စာအုပ်တွေထုတ်ဝေတာကို သင်စဉ်းစားဖူးလား? ကောင်းပါပြီ၊ ကိုယ်တိုင်ထုတ်ဝေတဲ့ စာရေးဆရာတစ်ယောက်အဖြစ်ကတော့ စီးပွားရေးအသေးစားထဲက အကောင်းဆုံးရွေးချယ်မှုတခုပါပဲ။

ကိုယ်တိုင်ထုတ်ဝေသူဆိုတာက တခြားနာမည်ကြီးစာတိုက်နှင့် လက်တွဲလုပ်တာမဟုတ်ဘဲ အကုန်လုံးမိမိတာဝန်ယူပြီး ထုတ်ဝေတဲ့အထိ လုပ်ဆောင်တာကိုဆိုလိုချင်ပါတယ်။

ကျွန်တော်နိုင်ငံမှာ
Facebook Page တို့၊ website တို့မှာ မိမိမျှဝေလိုတဲ့ အကြောင်းအရာတွေကို ကိုယ်ပိုင်ရေးတင်ကြတယ်။
စာဖတ်သူများလာတာနှင့်အမျှ
ကိုယ်ပိုင် စာအုပ်ထုတ်ဝေတာမျိုး၊
Ebookအဖြစ် ရောင်းချတာမျိုး လုပ်ကြပါတယ်။
ဝင်ငွေကောင်းပါတယ်။

Freelance လုပ်ပါ

Freelance ဆိုတာ တနိုင်တပိုင် ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေကို ဆိုလိုတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် ဥပမာ. Facebook Pageတွေမှာ လိုအပ်တဲ့ ကြော်ညာစာရေးပေးတာမျိူး၊ ဗီဒီယိုတွေ ဖန်တီးပေးတာမျိုးပေါ့။

မိမိအနေနဲ့ စာရေးတဲ့နေရာမှာ ထူးချွန်တဲ့သူဆိုရင် စာတပုဒ် ဘယ်လောက်ဆိုပြီး ရေးသား ဝင်ငွေရှာနိုင်သလို မိမိအနေနဲ့ Graphic Design ပိုင်း ကျွမ်းကျင်သူဆိုရင် ဖန်တီးထားတဲ့ ဓာတ်ပုံတပုံ ဘယ်လောက်ဆိုပြီး ဝင်ငွေရှာနိုင်ပါတယ်
မိမိက ဗီဒီယိုကို ဘာသာပြန်သူဆိုရင်လည်း တပုဒ်ကို ဘယ်လောက်ဆိုပြီး ပြန်ဆို ဝင်ငွေရှာနိုင်ပါတယ်
ဆိုရှယ်မီဒီယာ မားကတ်တင်းလုပ်သူတွေဆိုရင်လည်း ထို့နည်းအတူပါဘဲ

Facebook Page ဖန်တီး၊ ထိန်းသိမ်းပေးခြင်း

Facebook Page ဖန်တီးပြီးတော့ ထိန်းသိမ်းပေးတယ် ဆိုတာ နည်းပညာ အရည်အချင်း မလိုအပ် ပါဘူး။ လူတိုင်း ပြုလုပ်နိုင်ပါတယ်။ မိမိမှာ အွန်လိုင်းပေါ်မှာ စာရေးတတ်တဲ့ အလေ့အထလေး၊ ဓာတ်ပုံလေးတွေ ရှာရှာဖွေဖွေ တင်တတ်တဲ့အလေ့အထလေး ရှိပြီ ဆိုရင်ကို Facebook Page ကို ဖန်တီးပေးခြင်း၊ ထိန်းသိမ်းပေးခြင်းတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒီတော့ မိမိအနေနဲ့ ကိုယ်တိုင် Page ကို အရင်ဖန်တီးထား။ ပြီးတော့ နီးစပ်ရာ စီးပွားရေး လုပ်ငန်း အသေးစား၊ အကြီးစားတို့ကို ချည်းကပ်ပြီး သူတိ့ုရဲ့ လုပ်ငန်းကို Facebook ပေါ်မှာ လူသိများအောင် ပြုလုပ်ပေးပါမည် ဖြစ်ကြောင်း လုပ်နိုင်ပါကြောင်း ပြောပါ။ တစ်ရက်ကို post ၃ခု ၄ခု တင်ပေးရုံနဲ့ ဝင်ငွေရနိုင်တာမျိုးပါ။ ကိုယ်ကတော့ ကိုယ့်ရဲ့ စီးပွားရေးလို့ သဘောထားပြီး Facebook ပေါ်မှာ လူကြိုက်များလာအောင်၊ active ဖြစ်အောင် လုပ်ပေးရ မှာပေါ့။ ကိုယ့်ဘက်ကလည်း လူစိတ်ဝင်စားအေရသ် ဓာတ်ပုံဖန်တီးနိုင်စွမ်း၊ ဗီဒီယိုဖန်တီးနိုင်စွမ်းတော့ ရှိရမှာပေါ့

အထွေထွေ ဝန်ဆောင်မှု

လိုင်းပေါ်မှာ လုပ်လို့ရတဲ့ အထွေထွေ ဝန်ဆောင်မှု လုပ်ငန်းလေးတွေ ရှိပါတယ်။ ဥပမာ စာတွေကို ဘာသာပြန်ပေးတာ၊ နောက်ခံ စကားပြောပေးတာ ၊ စကားပြောထားတာတွေကို စာအဖြစ် ပြန်ရေးပေးတာ၊ ကုမ္ပဏီ အမှတ်တံဆိပ် လိုဂို ဒီဇိုင်းဆွဲပေးတာ၊ ဝဘ်ဆိုက်ရေးပေးတာ၊ အက်ပလီကေးရှင်း ရေးပေးတာ၊ စိတ်ဝင်စားဖွယ် ကြော်ငြာလေးတွေ ရေးပေးတာ၊ ဗီဒီယိုလေးတွေလုပ်ပေးတာ စသဖြင့် လိုင်းပေါ်မှာလုပ်လို့ရတာတွေ အများကြီး ရှိပါတယ်။ ဒီလို လုပ်ဖို့ ချိတ်ဆက်ပေးနေတဲ့ ပလက်ဖောင်းတွေ ရှိပါတယ်။ အဲဒီ ပလက်ဖောင်းတွေမှာ ကိုယ်ပေးနိုင်တဲ့ ဝန်ဆောင်မှုရယ်၊ ဝန်ဆောင်ခရယ်ကို ရေးတင်ထားလိုက်ရုံပါပဲ။ ဥပမာ chatesat.com, fiverr.com စတာတွေပါ။

မရှိမဖြစ် လိုအပ်လာမယ့် Skill တွေကို သင်ယူပါ

2020 မှာ Covid ရိုက်ခတ်လာတော့ online ပေါ်ကနေဘဲ အလုပ်လုပ်ကြရတော့တယ်။ အချို့ဆိုရင် အလုပ်တွေ ပြုတ်ကုန်ကြတယ်။
အရေးအခင်းက ဆက်လာတော့ ဒီထက် တစ်ဆင့်တက်ပြီး အွန်လိုင်းကနေ ငွေရှာဖို့အတွက်က လိုအပ်လာပါပြီ။

Online ကနေ လုပ်နိုင်မယ့် Skill တွေလိုအပ်လာတယ်။
ဘာ skill တွေလဲ?
Video ဖန်တီးနိုင်စွမ်း skill တွေ
Video တည်းဖြတ်နိုင်စွမ်း Skill တွေ
စာရေးသားနိုင်စွမ်း skill တွေ
Social media ကို အသုံးချပြီး ဝင်ငွေရှာနိုင်တဲ့ Skill တွေ အများကြီးပါ။

ဒီထဲမှာ တဖြည်းဖြည်း ရေပန်းစားလာတဲ့ Skillရှိပါတယ်။ Facebookကနေ ဝင်ငွေရှာနည်းလမ်းတွေ YouTube က အခွင့်အလမ်းတွေကို ဘယ်လို ဖန်တီးမလဲ?
ဒီလို ပညာရပ်တွေ ခင်ဗျား သိထားပြီလား?

Crd_Top Ten