အင်္ကျီတွေ
ဘယ်လောက်ပဲ စုတ်စုတ်
ပုဆိုးတွေ
ဘယ်လောက်ပဲ စုတ်စုတ်
အိမ်ထောင်ဦးစီးရဲ့ဟာ ဆိုရင်
ကြမ်းတိုက်ဝတ်
လက်နှီးစုတ်ဝတ်
ဘယ်တော့မှ မလုပ်မိစေနဲ့။
မီးသွေးဝယ်မယ်
ထင်းဝယ်မယ်
အိမ်သာသုံးတစ်ရူး ဝယ်မယ်
အမျိုးသမီးလစဉ်သုံး ပစ္စည်း
ဝယ်မယ် ဆိုရင်
မနက်ခင်းမှာ ပထမဆုံးဝင်လာတဲ့
စျေးဦးပေါက်ပိုက်ဆံနဲ့ ဝယ်ခြင်းကို
ဘယ်တော့မှ မလုပ်မိစေနဲ့။
မနက်စောစောစီးစီး ရန်ဖြစ်ခြင်း၊
စကားများခြင်း၊
ဆဲဆိုခြင်း၊
အိမ်ပူအိမ်ဆူဖြစ်ခြင်း၊
အရက်သေစာ သောက်စားခြင်းကို
ဘယ်တော့မှ မလုပ်မိစေနဲ့။
အကြီးအကဲ၊
လူကြီးမိဘ၊
ဆရာသမား တို့အား
ဦးဦးဖျားဖျား ထမင်း၊ဟင်းများကို
ဦးမချပဲ
စားသောက်ခြင်းကို
ဘယ်တော့မှ မလုပ်မိစေနဲ့။
ဘုရား၊တရား၊သံဃာ၊
မိဘ၊ ဆရာသမားများကို
မကန်တော့ပဲ
အိပ်ရာဝင်ခြင်းကို
ဘယ်တော့မှ မလုပ်မိစေနဲ့။
ထီးစုတ်၊နာရီစုတ်၊ဖိနပ်စုတ်၊
မီးလုံးအကျွမ်း၊
မီးချောင်းအကျွမ်းများ၊
စက်ပစ္စည်းအစုတ်များကို
စွန့်ပစ်ခြင်း မပြုပဲ
ကာလကြာရှည်စွာ သိမ်းထားခြင်းကို
ဘယ်တော့မှ မလုပ်မိစေနဲ့။
မိဘဓာတ်ပုံ မချိတ်ပဲ
သား သမီးဓာတ္ပုံကို
အိမ်ခေါင်းရင်းမှာ ချိတ်ခြင်း၊
ဧည့်ခန်းမှာ ချိတ်ခြင်း၊
အမြင့်မှာ ချိတ်ခြင်း ကို
ဘယ်တော့မှ မလုပ်မိစေနဲ့။
ကြွက်ကိုက်ထားသော၊
ခွေးကိုက်ထားသော အင်္ကျီ၊ ပုဆိုး၊
ထဘီများ ဝတ်ခြင်းကို
ဘယ်တော့မှ မလုပ်မိစေနဲ့။
လူတွေ့တိုင်း ညည်းညူသောစကား၊
နိမိတ်မရှိ နမာမရှိသော စကား၊
အာကြမ်းလျှာကြမ်း ပြောဆိုခြင်းများကို
ဘယ်တော့မှ မလုပ်မိစေနဲ့။
မူရင်းCredit-
Courtesy – ထိုက်အောင်လင်း
