အချစ်ကို စတင်တွေ့ရှိချိန်ဟာ စိတ်လှုပ်ရှားကြည်နူးဖို့ကောင်းသလောက် အချစ်ကို လက်လွတ်လိုက်ရချိန်မှာ ဆိုးရွားစုတ်ဆုတ်ဖို့ကောင်းလှပါတယ်။အချစ်နဲ့ပက်သက်တဲ့အရာအားလုံးအတွက် ဖြေဆေးမရှိတဲ့ကြားထဲ အသဲခွဲခံရပြီဆိုရင်တော့ ပက်ပက်စက်စက် ခံစားရမယ်ဆိုတာ ကြုံဖူးသူတိုင်း သိပါတယ်။ ကိုယ်တိုင်မခံစားဖူးသေးရင်တောင် လူတစ်ယောက်အသဲကွဲလာတာကို မြင်ဖူးရင်ပဲ ဒီဒဏ်ရာရဲ့ အတိမ်အနက်ကို မြင်သာပါတယ်။ တစ်ခုတော့ ကြိုပြောထားပါ့မယ် “ငါ့ကိုတော့ ဟိုတစ်ယောက်က အသေရရ၊ အရှင်ရရ ချစ်နေတာပဲ။ ဒီတစ်သက် ငါအသဲကွဲမှာ မဟုတ်ဘူး” လို့တော့ မထင်လိုက်ပါနဲ့။ ကိုယ့်စိတ်တစ်ခုထဲတောင် စက္ကန့်တိုင်းပြောင်းလဲနေတာ၊ လူတစ်ယောက်က ကိုယ့်ကို ထာဝရချစ်နေဖို့ဆိုတာ ဆုတောင်းလို့လဲ ရမှာမဟုတ်ပါဘူး။
ဆက်လက်ဖတ်ရှုရန်နှိပ်ပါအသဲကွဲရင် ဘယ်လိုပြန်ကုစားမလဲ
Leave a reply
